Map Graph

ရေမျက်နီရွာ၊ ထီးလင်းမြို့နယ်

ရေမျက်နီရွာ သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၃၁၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရေမျက်နီကျေးရွာအုပ်စုတွင် ကျား ၇၁၀ ဦး၊ မ ၈၃၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၅၄၀ ဦးနေထိုင်သည်။ ၂၀၂၄ ဧပြီ ၃ ရက်နေ့တွင် စစ်ကောင်စီ စစ်တပ်က မီးရှို့သဖြင့် ရွာထက်ဝက် အိမ်ခြေ နှစ်ရာခန့် မီး‌လောင်ပြာကျခဲ့သည်။ ထီးလင်းမြို့မှ စစ်ကောင်စီ စစ်တပ်သည် ၂၀၂၄ ဩဂုတ်လ ၁၈ ရက်နေ့ ရေမျက်နီ ကျေးရွာစခန်းကို လူအင်အား ၈၀ ကျော်ဖြင့် ခဲယမ်းနှင့် ရိက္ခာများ လာရောက် ပို့ဆောင်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့သည်။ ယင်း စစ်ကြောင်းသည် ဩဂုတ် လ ၃၀ ရက်နေ့တွင် ရေမျက်နီကျေးရွာမှ ပြန်လည်ထွက်ခွာလာပြီး စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ပါးမျဉ်းရွာ မြောက်ဘက်နေရာ၌ တော်လှန်‌ရေး တပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့ ည ၉ နာရီခန့်တွင် ထီးလင်းမြို့အဝင်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၃ ဦးကို ပစ်သတ်ကာ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သေဆုံးသွားသော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကိုလည်း စစ်ကောင်စီ တပ်သားများ စွန့်ပစ်ခတ်ခဲ့သည်။

Read article